ကိုယ်ဝန်ဆောင်မိခင်များ၏ မွေးကင်းစကလေးငယ်များတွင် တွေ့ရနိုင်သော ဆိုးကျိုးများ(Problems of infants born by diabetic mothers)
Manage episode 443290534 series 3605191
محتوای ارائه شده توسط Health@Home. تمام محتوای پادکست شامل قسمتها، گرافیکها و توضیحات پادکست مستقیماً توسط Health@Home یا شریک پلتفرم پادکست آنها آپلود و ارائه میشوند. اگر فکر میکنید شخصی بدون اجازه شما از اثر دارای حق نسخهبرداری شما استفاده میکند، میتوانید روندی که در اینجا شرح داده شده است را دنبال کنید.https://fa.player.fm/legal
ယခုအစီအစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားသော ကလေးငယ်များတွင် တွေ့ရနိုင်ချေရှိသော ပြဿနာများကို ပြောပြသွားမှာ ဖြစ်ပါတယ်။
- ထိုမွေးကင်းစကလေးငယ်များသည် အခြားပုံမှန်ကလေးငယ်များထက် ကိုယ်အလေးချိန် များပြီး ကြီးမာနေတတ်ပါတယ်။ အထူးသဖြင့် မေမေများ ကိုယ်ဝန်ဆောင်စဉ် အတွင်းမှာ သွေးသကြားဓာတ်ပမာဏ မထိန်းနိုင်သောအခါမှာ ပိုတွေ့ရတတ်ပါတယ်။ ထိုအခါ မွေးလမ်းကြောင်း ခက်ခဲပြီး ခွဲ၍မွေးရနိုင်ချေရာခိုင်နှုန်းမြင့်တက်နိုင်ပါတယ်။
- မွေးကင်းစကလေးငယ်များသည် မိခင်၏ ဗိုက်ထဲတွင် သွေးသကြားဓာတ်များ မိခင်ထံမှ လိုအပ်သည်ထက် ရသောကြောင့် အင်ဆူလင်ထုတ်လွှတ်မှု များပြားတတ်သောကြောင့် မွေးပြီးရက်အနည်းငယ်အတွင်း သွေးချိုပမာဏ ကျခြင်းကြုံတွေ့ရတတ်ပါတယ်။
- ထို့ပြင် မွေးကင်းစအချိန်တွင် အသားဝါခြင်း၊ သွေးနီဥ များခြင်း၊ အဆုတ်အားနည်းခြင်း နှင့် နှလုံးနံရံထူခြင်းများလည်း ဖြစ်နိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်များ သွေးချိုဆီးချို ထိန်းသိမ်းမှု မကောင်းမွန်ပါက ကလေးအသေမွေးခြင်း နှင့် ကိုယ်ဝန်ပျက်ကျခြင်းအထိပါ ဖြစ်ပွားနိုင်ပါတယ်။
114 قسمت